အသက်၁၈နှစ်အရွယ်GZလူငယ်လေးရေးလိုက်တဲ့ ‘ထို့ကြောင့်ကျနော်pdfထဲဝင်ခဲ့သည်'(အရမ်းကောင်းလိုဖတ်ကြည့်ပါ)


(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)






ယူနီကုဒ်ဖြင့် ဖတ်ရန်

ပရိတ်သတ်ကြီးရေ အသက်၁၈နှစ်အရွယ် ပြည့်သူ့တပ်မတော်pdfရဲဘော်လေး မောင်ထက်မြက်ကျော်ရဲ့ တောထဲကရင်ဖွင့်သံတွေးကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။ စာကြောင်းတိုင်းကအဓိပ္ပါယ်ရှိနေတာမို့ကျော်မဖတ်ပါနဲ့လို့လဲအကြံပြုလိုက်ပါရစေ

သူရေးထားတာကတော့- “ကျနော်လဲအသက်၁၈နှစ်အရွယ်လူငယ်တယောက်ပါ တခြားလူငယ်တွေလို ဖုန်းလေးထိုင်သုံးနေပြီး ဂိမ်းတွေဆော့နေချင်တာပေါ့ မင်းကိုဘယ်သူကတောထဲသွားခိုင်းလဲ pdfထဲဝင်ခိုင်းလို့လဲဆိုပြီးမေးစရာရှိပါတယ်

ကျနော်တို့လိုချင်တာက ခဏတာပျော်ရွှင်မှုမဟုတ်ဘူး တသက်တာလွတ်လပ်မှုတွေလေ ဒါကြောင့်ကနော်တို့ပြည်သူတွေ ဖ.ိနှိ.ပ်ခ.ံဘဝကလ.ွတ်စေချင်လို့ ကျနော်တို့ အမြဲတမ်းအလ.ိမ်ခ.ံအဖ.ိနှိ.ပ်ခ.ံဘဝကလွတ်အောင်လို့ တော်လှ.န်ရေးမှာပါဝင်ခဲ့တာပါ

တခြားလူငယ်တွေလို နေမြင့်အောင်အိပ်ချင်တာပေါ့ ဒါပေမယ့် ခဏတာသက်သာတာကိုကြည့်ရင် တသက်တာစ.စ်က.ျွန်ဘဝက လ.ွတ်တော့မှာမဟုတ်ဘူးလေ ဒါကြောင့်ကျနော် pdfထဲဝင်ခဲ့တာပါ။ တခြားလူငယ်တွေလို လိုင်းပေါ်မှာ အရင်လိုသူငယ်ချင်းတွေနဲ့ပျော်နေချင်တာပေါ့

ဒါပေမယ်ံ့ ကိုကမှန်နေရက်နဲ့ယူနီဖောင်းမြင်တိုင်းေ.ကြာက်နေခဲ့ရတဲ့.. ကို့လူမျိုးချင်း ဖ.က်စ.စ်ဆန်ဆန်ဆက်ဆံခ.ံရတဲ့ဘဝကို ဆက်ပြီးမ.ခံစားနိုင်တော့ဘူးလေ ဒါကြောင့်ကျနော်pdfထဲဝင်ခဲ့တာ အကြောင်းအမျိုးမျိုးကြောင့် တော်လှ.န်ရေးမှာမပါဝင်နိုင်ကြတဲ့ပြည်သူတွေရယ်

လွတ်လပ်မှုနဲ့အမှန်တရားကိုမြတ်နိုးတဲ့ပြည်သူတွေရယ် အားလုံးကိုကျနော်တို့နားလည်ပေးနိုင်ပါတယ်။ ကျနော်တို့ရေလောင်းပေါင်းသင်လို့ ပြန်ရှင်သန်လာမဲ့ အောင်မြင်မှုသစ်ပင်အရိပ်အောက်မှာ တနေ့ကျရင်ကျနော်တို့အတူတူပျော်ကြရမှာဗျာ။ လေးစားစွာဖြင့် ခရက်ဒစ်