၁၃ ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးအစည်းအဝေး မင်းအောင်လှိုင်ကိုမဖိတ်၍ မတက်တော့ဟု စစ်ကောင်စီအကြောင်းပြန်


(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)





ယူနီကုဒ်ဖြင့် ဖတ်ရန်

နိုဝင်ဘာလ ၂၅ရက်နေ့မှ နိုဝင်ဘာလ ၂၆ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသည့် ၁၃ကြိမ်မြောက် အာရှ- ဥရောပထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူတစ်ဦးကို တက်ရန် ဖိတ်ကြားခဲ့ရာ

စစ်ကောင်စီက အစည်းအဝေး မတက်တော့ဟု အကြောင်းပြန်ကြောင်း သိရှိရသည်။ ၁၃ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားနိုင်ငံက ကျင်းပခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကို အစည်းအဝေး တက်ခွင့်မပြုဘဲ

နိုင်ငံရေးနယ်ပယ်မှမဟုတ်သူတစ်ဦးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက မင်းအောင်လှိုင်ကို မဖိတ်၍ အစည်းအဝေးသို့ ကိုယ်စားလှယ်မလွှတ်တော့ဟု ကမ္ဘောဒီးယားကို အကြောင်းကြားခဲ့ကြောင်း

ဘန်ကောက်ပို့စ်သတင်းတစ်ရပ်အရ သိရှိရသည်။ မင်းအောင်လှိုင်သည် အာဆီယံ ထိပ်သီးအစည်းအဝေး၊ တ.ရု.တ်-အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် နိုဝင်ဘာ ၂၅ရက် ဒီကနေ့ စတင်ကျင်းပသည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးများတွင်

တစ်ခုမှ တက်ခွင့်မရဘဲဖြစ်နေရာ နိုင်ငံတကာက မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အသိအမှတ်မပြုမှု တစ်နေ့တစ်ခြား ထင်ရှားလာသည်ဟု နိုင်ငံရေး အကဲခတ်များက ပြောဆိုသည်။ လေးစားစွာဖြင့် ခရက်ဒစ်