သတင်းဌာနတွေကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင်က သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အထူးပင်အလေးထားဟု ဆို
(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယူနီကုဒ်ဖြင့် ဖတ်ရန်
သတင်းဌာနများကို ပ.ိတ်သိမ်းပြီး သတင်းထောက်များကို ဖ.မ်းဆီးထေ.ာင်ခ.ျနေသည့် စစ်ကောင်စီဥက္ကဋ္ဌက သတင်းမီဒီယာကဏ္ဍကို အလေးထားကြောင်း ပြောကြားလိုက်သည်။ အာ.ဏာသိ.မ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်တွင် ကျင်းပသည့်
သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီအဖွဲ့ဝင်များနှင့် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်သစ်များပါဝင်တက်ရောက်ကြသည့် အဆိုပါအခမ်းအနားတွင် စစ်ကောင်စီဥက္ကဋ္ဌက
“မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေသည့် နိုင်ငံဖြစ်သည်နှင့်အညီ သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အထူးပင်အလေးထား” သည်ဟု ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်
ဖော်ပြထားသည်။ ထို့အပြင် သတင်းမီဒီယာကို တိုင်းပြည်၏စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။ စစ်ကောင်စီဥက္ကဋ္ဌက ထိုသို့ပြောဆိုနေသော်လည်း စစ်အာ.ဏာသ.ိမ်းပြီးနောက်ပိုင်း
သတင်းဌာန ၉ခု ပ.ိတ်သိမ်းခ.ံရပြီး သတင်းထောက်အများအပြား ဖ.မ်းဆီ.းထိန်းသိမ်းခ.ံခဲ့ရသည်။ စစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် မဇ္ဈိမ၊ မြန်မာနောင်း၊ ဒီဗွီဘီ၊ ဆဲဗင်းဒေးနယူးစ်နှင့် ခေတ်သစ်မီဒီယာ သတင်းဌာနများကိုလည်းကောင်း ဧပြီလတွင်
ဧပြီလ ၂၀ ရက်နေ့တွင် တာချီလိတ်သတင်းဌာန၊ မြစ်ကြီးနားသတင်းဂျာနယ်နှင့် The 74မီဒီယာတို့ကိုလည်းကောင်း၊ အောက်တိုဘာလတွင် Delta News Agency တို့ကိုလည်းကောင်း ပ.ိတ်သိ.မ်းခဲ့သည်။ ဖေဖော်ဝါရီလမှစတင်ကာ သတင်းထောက်အများအပြား
ဖ.မ်းဆီးခ.ံခဲ့ရပြီး လက်ရှိအချိန်တွင် သတင်းထောက် ၃၈ဦးထက်မနည်း ဖ.မ်းဆီ.းထိန်းသိမ်းခ.ံထားရဆဲဖြစ်သည်။ စစ်ကောင်စီက သတင်းအေဂျင်စီလုပ်ပိုင်ခွင့်ပ.ိတ်သိ.မ်းခဲ့သော်လည်း သတင်းဌာနအများစုက သတင်းမှန်များကို အချိန်နှင့်တပြေးညီ
ဆက်လက်တင်ပြနေဆဲဖြစ်သဖြင့် ဒီဗွီဘီနှင့် မစ္ဈိမ သတင်းဌာန၏ ဂြိုလ်တုမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို ဟိုတယ်များတွင် ပြသခြင်းမပြုရန် တ.ားဆီ.းပ.ိတ်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးခ.ျိုးဖေ.ာက်မှုများ၊
ဥပဒေမ.ဲ့ ပြုကျ.င့်မှုများကို ထောက်ပြရေးသားနေသည့် ရခိုင်ပြည်နယ်အခြေစိုက် Western News နှင့် Narinjana သတင်းဌာနမှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လိုက်လံရှာဖွေနေသည်။ လေးစားစွာဖြင့် ခရက်ဒစ်