ထိုင္းနိုင္ငံမွာ ထုတ္လႊင့္ျပသေတာ့မယ့္ ျပည္သူ႔အခ်စ္ေတာ္ ‘ေဒါင္း’ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္႐ွင္ဇာတ္လမ္းတြဲႀကီး

သ႐ုပ္ေဆာင္ ေဒါင္းကေတာ့ အမိုက္စား သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္အားေပးမွုကိုအခိုင္အမာရရွိထားတဲ့ မင္းသားေခ်ာပဲ ျဖစ္ပါတယ္။ အေနအထိုင္တည္ၾကည္ၿပီး ေယာက်ာ္းပီသတဲ့႐ုပ္ရည္သြင္ျပင္မ်ိဳးကို

(Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ပိုင္ဆိုင္ထားတဲ့ ေဒါင္းကေတာ့ မိန္းကေလးပရိသတ္ေတြၾကားမွာ သည္းသည္းလွုပ္အားေပးခံရသူတစ္ေယာက္ပဲျဖစ္ပါတယ္။ ေဒါင္းကေတာ့ ေဖေဖာ္ဝါရီလကတည္းက အားလုံးနဲ႔အတူ လမ္းေပၚထြက္လွုပ္ရွားမွုေတြ

ျပဳလုပ္ခဲ့သလို က.်ဆုံ.းသြားၾကတဲ့သူရဲေကာင္းျပည္သူေတြအတြက္လည္း လွူဒါန္းမွုေတြ ဆက္တိုက္ျပဳလုပ္ကာေဖးမကူညီေနသူလည္း ျဖစ္ပါတယ္။ သူဟာ ဇန္နဝါရီလကတည္းက ထိုင္းနိုင္ငံကို ဇာတ္ကားရိုက္သြား​ေနသူျဖစ္ပါတယ္

​ေႏြဦးေတာ္လွ.န္ေရးမွာ အားသြန္ခြန္စိုက္ပါဝင္ခဲ့သလို အမွန္တရားဘက္က ရဲရဲဝင့္ဝင့္ရပ္တည္ခဲ့တဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္၊ ​ေဒါင္းက ေတာ္လွ.န္ေရးႀကီးရဲ့ လူထုလွုပ္ရွားမွုေတြမွာ အားတက္သေရာ ပါဝင္ခဲ့တာေၾကာင့္

ပ.ုဒ္မ(၅၀၅)နဲ႔ အ.မွုဖြင့္ထားျခင္းခ.ံရၿပီး ေရွာင္တိမ္းေနရတာလည္းျဖစ္ပါတယ္။ လတ္တေလာမွာ ေဒါင္းက လိပ္ျပာစံအိမ္ ႐ုပ္ရွင္ဇာတ္ကားရိုက္ကူးခဲ့တဲ့ ထိုင္းဒါရိုက္တာ Chartchai Ketnustရိုက္ကူးတဲ့ “จากเจ้าพระยาสู่อิรวดี”

(ေက်ာက္ဖရားမွဧရာဝတီ)ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။ အဆိုပါ ဇာတ္လမ္းတြဲကေတာ့ သမိုင္းမွတ္တမ္းတစ္ခုအေပၚ အေျခခံရိုက္ကူးထားတာျဖစ္ၿပီး ေဒါင္းအပါအဝင္ ထိုင္းသ႐ုပ္ေဆာင္ေတြမ်ားစြာ

ပါဝင္ရိုက္ကူးထားၾကတာပဲျဖစ္ပါတယ္။ “ေက်ာက္ဖရားမွဧရာဝတီ”ဇာတ္လမ္းတြဲကို ထိုင္းနိုင္ငံ႐ုပ္သံလိုင္း Thai PBS TV Channelမွာ ဇန္နဝါရီလ(၁)ရက္ေန႔ကစၿပီး ထုတ္လႊင့္ျပသသြားမယ္လို့လည္းသိရပါတယ္။ ​ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သရုပ်ဆောင် ဒေါင်းကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသားချောပဲ ဖြစ်ပါတယ်။ အနေအထိုင်တည်ကြည်ပြီး ယောကျာ်းပီသတဲ့ရုပ်ရည်သွင်ပြင်မျိုးကို

ပိုင်ဆိုင်ထားတဲ့ ဒေါင်းကတော့ မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ်အားပေးခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒေါင်းကတော့ ဖေဖော်ဝါရီလကတည်းက အားလုံးနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ

ပြုလုပ်ခဲ့သလို က.ျဆုံ.းသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ကာဖေးမကူညီနေသူလည်း ဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလကတည်းက ထိုင်းနိုင်ငံကို ဇာတ်ကားရိုက်သွားနေသူဖြစ်ပါတယ်

နွေဦးတော်လှ.န်ရေးမှာ အားသွန်ခွန်စိုက်ပါဝင်ခဲ့သလို အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်၊ ဒေါင်းက တော်လှ.န်ရေးကြီးရဲ့ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တာကြောင့်

ပ.ုဒ်မ(၅၀၅)နဲ့ အ.မှုဖွင့်ထားခြင်းခ.ံရပြီး ရှောင်တိမ်းနေရတာလည်းဖြစ်ပါတယ်။ လတ်တလောမှာ ဒေါင်းက လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnustရိုက်ကူးတဲ့ “จากเจ้าพระยาสู่อิรวดี”

(ကျောက်ဖရားမှဧရာဝတီ)ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကတော့ သမိုင်းမှတ်တမ်းတစ်ခုအပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒေါင်းအပါအဝင် ထိုင်းသရုပ်ဆောင်တွေများစွာ

ပါဝင်ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။ “ကျောက်ဖရားမှဧရာဝတီ”ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံရုပ်သံလိုင်း Thai PBS TV Channelမှာ ဇန်နဝါရီလ(၁)ရက်နေ့ကစပြီး ထုတ်လွှင့်ပြသသွားမယ်လို့လည်းသိရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်