Free Burma Ranger အဖွဲ့မှ မြန်မာပြည်သူများသို့ သတင်းစကားပါးသည့် ဗီဒီယိုထုတ်ပြန်(ရုပ်သံ)

Free Burma Ranger အဖွဲ့မှ မြန်မာပြည်သူများသို့ သတင်းစကားပါးသည့် ဗီဒီယိုထုတ်ပြန်

ဗီဒီယိုဖိုင် အောက်ဆုံးတွင်ပါသည်။(ယူနီကုဒ် ဖြင့် ဖတ်မရသူများ အောက်တွင် ဇော်ဂျီဖောင့်ဖြင့်ဖတ်ရန်)

ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်းသုံးဆယ်နီးပါးနေထိုင်ပြီး လူသားချင်းစာနာထောက်ထားမှုနှင့် စစ်ပွဲအတွင်း ပိတ်မိပြည်သူများကို ကူညီကယ်ဆယ်သည့်လုပ်ငန်းများကိုအဓိကလုပ်ဆောင်လျှက်ရှိသည့်…

Free Burma Rangers အဖွဲ့က ယနေ့ တွင် မြန်မာပြည်သူများသို့ သတင်းစကားပါးသည့် ဗီဒီယိုတစ်ခုကို ပေးပို့လာခဲ့ပါသည်။ဗီဒီယိုတွင် FBR ၏ ခေါင်းဆောင်ဖြစ်သူ ဒေးဗစ်ယူဘန့် နှင့် သူ၏မိသားစုတို့ပါဝင်ပြီး FBR အနေဖြင့် ချစ်ခြင်းမေတ္တာ၊ တရားမျှတမှုနှင့်…

အမျိုး သားပြန်လည်သင့်မြတ်ရေးတို့အတွက်ရပ်တည်ကြောင်း၊FBR အနေဖြင့် စစ်ဘေးရှောင်များကိုကူညီကယ်ဆယ်ခြင်း၊ မျော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ကိုအခြေခံပြီး မြေပြင်သတင်းများကို ပြည်သူများသိအောင်လုပ်ဆောင်ကြောင်း၊ ၎င်းတို့အဖွဲ့တွင်…

ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ အဖွဲ့ဝင်များပါရှိကြောင်း၊၎င်းနှင့်တကွ မိသားစုတို့သည် စစ်ဘေးသင့်ဒေသများမှ ကလေးသူငယ်များအတွက်လည်း အစီ အစဉ်များ၊ ရှေးဦးသူနာပြုလုပ်ငန်းများ စသည်တို့ကိုလည်း လုပ်ဆောင်ကြကြောင်း၊…

မြန်မာပြည်သူများအနေဖြင့် လွတ်မြောက်ရေးအတွက် အားမလျော့စေလိုကြောင်း နှင့် ခွင့်လွှတ်ခြင်းတရားကို လက်ကိုင်ထားကြစေလိုကြောင်း၊FBR အနေဖြင့် အစိုး ရအပါအဝင် မြန်မာပြည်သူများနှင့်အတူ တရားမျှတရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက်…

ရပ်တည်ကြောင်း ဗီဒီယိုတွင် ဖော်ပြပါရှိပါတယ်။Free Burma Ranger အဖွဲ့သည် မြန်မာနိုင်ငံရှိ ပဋိ ပ က္ခဖြစ် ပွားနေသော ဒေသများတွင် ကူညီကယ်ဆယ်ရေးအဖွဲ့ တစ်ရာကျော်ဖြင့် စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် မြေပြင်အခြေအနေများကို….

ပြန်လည်ဖြန့်ဝေပေးသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး အီရတ်နှင့်ဆီးရီးယားနိုင်ငံများတွင်လည်း အဖွဲ့ခွဲများတည်ရှိသည်။Free Burma Ranger အဖွဲ့၏ လှုပ်ရှားမှုများကို www. freeburmarangers . org နှင့် www.facebook . com/FreeBurmaRangers/ တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။….

Free Burma Rangers

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

Free Burma Ranger အဖြဲ႕မွ ျမန္မာျပည္သူမ်ားသို႔ သတင္းစကားပါးသည့္ ဗီဒီယိုထုတ္ျပန္

ကရင္ျပည္နယ္အပါအဝင္ တိုင္းရင္းသားေဒသမ်ားတြင္ ႏွစ္ေပါင္းသုံးဆယ္နီးပါးေနထိုင္ၿပီး လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ စစ္ပြဲအတြင္း ပိတ္မိျပည္သူမ်ားကို ကူညီကယ္ဆယ္သည့္လုပ္ငန္းမ်ားကိုအဓိကလုပ္ေဆာင္လွ်က္ရွိသည့္…

Free Burma Rangers အဖြဲ႕က ယေန႕ တြင္ ျမန္မာျပည္သူမ်ားသို႔ သတင္းစကားပါးသည့္ ဗီဒီယိုတစ္ခုကို ေပးပို႔လာခဲ့ပါသည္။ဗီဒီယိုတြင္ FBR ၏ ေခါင္းေဆာင္ျဖစ္သူ ေဒးဗစ္ယူဘန႔္ ႏွင့္ သူ၏မိသားစုတို႔ပါဝင္ၿပီး FBR အေနျဖင့္ ခ်စ္ျခင္းေမတၱာ၊ တရားမွ်တမႈႏွင့္…

အမ်ိဳး သားျပန္လည္သင့္ျမတ္ေရးတို႔အတြက္ရပ္တည္ေၾကာင္း၊FBR အေနျဖင့္ စစ္ေဘးေရွာင္မ်ားကိုကူညီကယ္ဆယ္ျခင္း၊ ေမ်ာ္လင့္ျခင္းႏွင့္ ခ်စ္ျခင္းေမတၱာတို႔ ကိုအေျခခံၿပီး ေျမျပင္သတင္းမ်ားကို ျပည္သူမ်ားသိေအာင္လုပ္ေဆာင္ေၾကာင္း၊ ၎တို႔အဖြဲ႕တြင္…

ဘာသာေပါင္းစုံ လူမ်ိဳးေပါင္းစုံမွ အဖြဲ႕ဝင္မ်ားပါရွိေၾကာင္း၊၎ႏွင့္တကြ မိသားစုတို႔သည္ စစ္ေဘးသင့္ေဒသမ်ားမွ ကေလးသူငယ္မ်ားအတြက္လည္း အစီ အစဥ္မ်ား၊ ေရွးဦးသူနာျပဳလုပ္ငန္းမ်ား စသည္တို႔ကိုလည္း လုပ္ေဆာင္ၾကေၾကာင္း၊…

ျမန္မာျပည္သူမ်ားအေနျဖင့္ လြတ္ေျမာက္ေရးအတြက္ အားမေလ်ာ့ေစလိုေၾကာင္း ႏွင့္ ခြင့္လႊတ္ျခင္းတရားကို လက္ကိုင္ထားၾကေစလိုေၾကာင္း၊FBR အေနျဖင့္ အစိုး ရအပါအဝင္ ျမန္မာျပည္သူမ်ားႏွင့္အတူ တရားမွ်တေရးႏွင့္ ျပန္လည္သင့္ျမတ္ေရးအတြက္…

ရပ္တည္ေၾကာင္း ဗီဒီယိုတြင္ ေဖာ္ျပပါရွိပါတယ္။Free Burma Ranger အဖြဲ႕သည္ ျမန္မာနိုင္ငံရွိ ပဋိ ပ ကၡျဖစ္ ပြားေနေသာ ေဒသမ်ားတြင္ ကူညီကယ္ဆယ္ေရးအဖြဲ႕ တစ္ရာေက်ာ္ျဖင့္ စစ္ေဘးေရွာင္ျပည္သူမ်ားအား ကူညီကယ္ဆယ္ေရးႏွင့္ ေျမျပင္အေျခအေနမ်ားကို….

ျပန္လည္ျဖန႔္ေဝေပးေသာ အဖြဲ႕အစည္းတစ္ရပ္ျဖစ္ၿပီး အီရတ္ႏွင့္ဆီးရီးယားနိုင္ငံမ်ားတြင္လည္း အဖြဲ႕ခြဲမ်ားတည္ရွိသည္။Free Burma Ranger အဖြဲ႕၏ လႈပ္ရွားမႈမ်ားကို www. freeburmarangers . org ႏွင့္ www.facebook . com/FreeBurmaRangers/ တို႔တြင္ ဝင္ေရာက္ေလ့လာနိုင္ပါသည္။….

Free Burma Rangers