မြန်မာဘောလုံးအသင်းရဲ့ ဝတ်စုံတာဝန်ခံ ဂျပန်နိုင်ငံမှာ က.ွယ်လ.ွန်
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာဘောလုံးအသင်းက ဝတ်စုံတာဝန်ခံ ကိုပြည့်စုံနိုင် ဂျပန်နိုင်ငံမှာ က.ွယ်လ.ွန်။ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစ.စ်ပွဲ အုပ်စု လက်ကျန်ပွဲများတွင်
ယှဉ်ပြိုင်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းနှင့် အတူ လိုက်ပါသွားတဲ့ ဝတ်စုံတာဝန်ခံကိုပြည့်စုံနိုင်ဟာ ဇွန်(၉)ရက်နံနက်ပိုင်းက ဂျပန်နိုင်ငံမှာ က.ွယ်လ.ွန်သွားကြောင်း သိရပါတယ်။ “မနက်က သူတစ်ယောက်တည်း မနက်စာ
လာမစားတာနဲ့ အသင်းရဲ့တာဝန်ရှိသူကသွားခေါ်တာ အခန်းထဲရောက်မှ သူဆုံ.းနေတယ်ဆိုတာသိရတယ်။ သူတာဝန်တွေကို အကုန်ခွဲယူရမှပေါ့”ဟု ကစားသမားတစ်ဦးကပြောပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ
ကိုပြည့်စုံနိုင်ဟာ နှလုံးေ.ရာဂ.ါနဲ့ က.ွယ်လ.ွန်ခဲ့တာဖြစ်ပြီး ၎င်းကွယ်လွန်ခဲ့တဲ့အတွက် လက်ရှိမြန်မာ့လက်ရွေးစင်အသင်းမှ အဖွဲ့ဝင်များ၊ နည်းပြများနှင့် ကစားသမားများ မြန်မာ့ဘောလုံးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများက
ဝ.မ်းနည်းကြောင်း လူမှုကွန်ရက်များတွင် ရေးသားဖော်ပြခဲ့ကြပါတယ်။ ကျန်ရစ်သောရု.ပ်အေ.လာ.င်းကို သက်ဆိုင်ရာက လာရောက်သယ်ဆောင်သွားခဲ့ပြီး န.ာေ.ရးကိစ္စကို ဂျပန်နိုင်ငံနှင့်ဆွေးနွေးနေကြကြောင်း သိရပါတယ်။
မြန်မာလက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ မေလ ၂၈ရက်နေ့က ဂျပန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၁၀ဂိုး -ဂိုးမရှိနှင့်ရှုံ.းန.ိမ့်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ ဇွန် (၁၁၊ ၁၅)ရက်တို့တွင် အရေးပါတဲ့ လက်ကျန်ပွဲ(၂)ပွဲကို
ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဇွန် ၇ရက်က ကစားခဲ့တဲ့ အုပ်စု (F)ပွဲစဉ်များတွင် တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်အသင်းတို့ အေ.ရးန.ိမ့်ခဲ့တာကြောင့် မြန်မာအသင်းဟာ လက်ကျန်နှစ်ပွဲစလုံး
အနိုင်ရပါက အုပ်စု ဒုတိယနေရာ ရယူနိုင်ပါမယ်။ တကယ်လို့မြန်မာအသင်းဟာ လက်ကျန်နှစ်ပွဲစလုံး ဂိုးပြတ်အရေးနိမ့်ပါက အုပ်စုအောက်ဆုံးနေရာအထိ ဆင်းပေးရနိုင်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်